blog banner image

Monsoon Car Care Tips

ကိုယ့်ရဲ့ ကားလေးကို အမြဲ ဂရုစိုက်တတ်တဲ့ ကား Crazy လေးတို့အတွက် 

မိုးတွင်းမှာ သင့်ရဲ့ကားလေးအတွက် ပုံမှန် ပြုလုပ်ပေးရမယ့် အချက် (5) ချက်ကို ပြောပြပေးချင်ပါတယ်နော် . . .


1. ကားကို ပုံမှန် ဆေးပါ . . .


မိုးရေနဲ့ ထိတွေ့တာကြောင့် ကား ထပ်ဆေးပေးဖို့ မလိုဘူးလို့ ထင်ကောင်းထင်ကြပါလိမ့်မယ် ။ မိုးရေနဲ့ ထိတွေ့ထားတဲ့ ကားတွေကို ပြန်မဆေးဘဲ ထားမိရင် ကားဆေးသားတွေနဲ့ Chrome တွေပေါ်ကို အက်စစ်ဓါတ်တွေ တင်ကျန်နေနိုင်ပြီးဆိုးကျိုးတွေဖြစ်လာနိုင်ပါစေတယ်နော် . . . သင့်ရဲ့ကား လေးအတွက် အကောင်းဆုံး လုပ်ဆောင်ပေးနိုင်တဲ့ အချက်ကတော့ မှန်ကန်တဲ့စောင့်ရှောက်မှုတွေနဲ့ ပုံမှန် care လုပ်ပေးဖို့ပဲ ဖြစ်ပါတယ် ။ ကားကိုမဆေးကြောမီမှာ ငှက်ချေးလိုမျိုး မာပြီးကပ်ငြိနေတဲ့ အစွန်းအထင်းတွေကို ရေများများသုံးပြီး microfibre အဝတ်စနဲ့ ပွတ်တိုက်ဆေးကြောပေးရပါမယ်။ နောက်တစ်ချက်ကတော့ နူးညံ့တဲ့ ရေမြုပ်ကိုသုံးပြီးတော့ မော်တော်ယာဉ်အပေါ်ပိုင်းကနေစလို့ အောက်ဘက်ကို ပွတ်တိုက်ဆေးကြောပေးဖို့လိုအပ်ပါတယ်။ ကားဆေးတဲ့အချိန် အသုံးပြုမယ့် product တွေကတော့ solvent free cleaning products တွေဖြစ်ဖို့လည်း လိုအပ်ပါသေးတယ်။ တကယ်လို့ အဆင့်ဆင့်ကားဆေးဖို့ အချိန်မရှိဘူးဆိုရင်တော့ မိုးရေ ထိတွေ့ထားတဲ့ ကားကို ရေပိုက်နဲ့ ဖြန်းပြီးဆေးပေးခြင်းကလည်း မိုးရေမှာပါလာတဲ့အက်စစ်ဓါတ်ကို ပျက်ပြယ်စေနိုင်ဖို့အတော်အသင့် ကူညီပေးနိုင်ပါလိမ့်မယ်နော် . . .


2.ကားမောင်းနှင်ရာမှာ အန္တရာယ်ကင်းနိုင်ဖို့အတွက် ကားဘီးတွေကို ထိန်းသိမ်းပါ . . .


မိုးရာသီကာလတွေမှာ သင့်ရဲ့ ကားဘီးတွေကလည်း ကောင်းမွန်တဲ့ အခြေအနေမှာ ရှိနေဖို့လိုအပ်လှပါတယ် ။ လမ်းမျက်နှာပြင်အနေအထားတွေ ၊ ကားမောင်းနှင်နေတဲ့ အရှိန်တွေ ၊ တာယာပေါ်မှာရှိတဲ့အရစ်အနေအထားတွေပေါ်မူတည်ပြီး စိုစွတ်တဲ့ လမ်းမတွေပေါ်မောင်းနှင်တဲ့အခါ လမ်းချော်တာတွေဖြစ်လေ့ရှိပါတယ်။ ဒီလိုဆိုးဝါးတဲ့အခြေအနေတွေ ဖြစ်မလာစေဖို့က သင့်တာယာအရစ်ပြုန်း / မပြုန်းကိုလည်း ပုံမှန်စစ်ဆေးပေးနေရပါမယ်။


3.လေကာမှန်မှာ Wiper ကောင်းကောင်းကို တပ်ဆင်ရပါမယ်. . .


မိုးရာသီမှာတော့ wiper လေးတွေက အလုပ်လုပ်ရဆုံးလေးတွေ ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် သင့်ကားရဲ့ wiper blades တွေ washer fluid ရဲ့ အကြိမ်ရေတွေကို ပုံမှန် စစ်ဆေးပေးဖို့ လိုအပ်ပါလိမ့်မယ်။  နောက်တစ်ခုက မှန်နဲ့ wiper ရဲ့ ပွတ်တိုက်တဲ့အသံကိုလည်း ဂရုတစိုက် နားထောင်ပေးဖို့လိုအပ်ပါတယ်။ အသံပြောင်းလာပြီ ဒါမှမဟုတ် ပုံမှန် အသံမဟုတ်တော့ဘူးဆိုရင်တော့ အသစ်တစ်ခုလဲလှယ်ဖို့ လိုအပ်လာပြီပဲဖြစ်ပါတယ်။ မိုးရွာနေတဲ့အချိန် အန္တရာယ်ကင်းစေဖို့ Wiper ရဲ့ အစိတ်အပိုင်းအားလုံးက မြင်ကွင်းရှင်းလင်းစေရန် လုပ်ဆောင်ပေးဖို့က အရေးကြီးဆုံးပဲ ဖြစ်ပါတယ်။ ခြောက်လအတွင်းမှာ သင့်ရဲ့ wiper လေးဟာ လေကာမှန်ပေါ် ပျှမ်းမျှအားဖြင့် 800km ခန့်ရွေ့လျားရတယ်ဆိုတာ သင်သိပါသလား ?


4. သင့်ကားရဲ့ ရှေ့မီး နောက်မီးကို စစ်ဆေးပါ . . .


မိုးရာသီမှာ သင့်ကားရဲ့ မီးပိုင်းဆိုင်ရာကလည်း အရေးကြီးတဲ့ အပိုင်းမှာ ပါဝင်ပါတယ်နော်။ ညပိုင်းတွေမှာ ဒါမှမဟုတ် နေ့ခင်းဘက်ဆိုလည်း မိုးမှောင်တဲ့ အချိန်တွေမှာ အလင်းပေးဖို့သာမက အခြားသော လမ်းပေါ်မှာ ရှိနေသူတွေက သင့်ရှိနေတဲ့ နေရာအနေအထားကို  ရှင်းရှင်းလင်းလင်းညွှန်ပြဖို့အတွက်လည်း ကားမီးတွေက အရေးပါပါတယ်။ Driving safety ဖြစ်ဖို့အတွက်ဆိုရင် မှောင်နေချိန်မှာ ကားရှေ့မီး ၊ နောက်မီးတွေကို ဖွင့်ထားဖို့ လိုအပ်ပါတယ်။ မီးကြီးထွန်းတဲ့ နေရာမှာလည်း ကိုယ့်မြင်ကွင်းမှာ လင်းထိန်နေသော်လည်း အခြားလူများ ၊ အခြားသော မောင်းနှင်သူများ မျက်စိ မစူးတဲ့ အမျိုးအစားဖြစ်ဖို့လည်း လိုအပ်ပါသေးတယ်နော်။ စိုထိုင်းမှုများတဲ့ ရာသီတွေမှာဆိုရင် ကားအတွင်းနဲ့အပြင်ရဲ့ အပူချိန်ကွာခြားချက်ကြောင့် ကားမီးလုံးမှန်တွေမှာ မြူခိုးလိုရေငွေ့ရိုက်နေတာကို သင်တွေ့မြင်နိုင်မှာပဲဖြစ်ပါတယ်။ အကောင်းဆုံး ဖြေရှင်းနည်းကတော့ မီးကိုခဏဆက်ဖွင့်ထားလိုက်ပါ။ မကြာခင်မှာ ရေငွေ့ရိုက်တာတွေကင်းစင်သွားနိုင်မှာပါ။


5.မှန်ကန်တဲ့ accessories တွေသုံးခြင်းအားဖြင့် သင့်ကားကို ရာသီဥတုဒဏ်ခံနိုင်ပါစေ . . .

ကားမီးဆံတွေလဲသင့်နေပြီလို့ သင်တွေးနေပါသလား ?

အမှန်တကယ် effective ဖြစ်တဲ့ Car care product ကောင်းကောင်းသုံးချင်လို့ရှာနေပါသလား ?

accident ကြီးကြီး သေးသေး ၊ full HD နဲ့ record ယူထားနိုင်တဲ့ black box ကောင်းကောင်းတစ်လုံး တပ်သင့်ပြီလို့တွေးနေပါသလား ?


Luxury Auto Parts  ကနေ လူကြီးမင်းတို့ရဲ့ ကားနဲ့ပတ်သတ်ပြီး လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ အရည်အသွေး ပြည့်မှီတဲ့ ကားဆက်စပ်ပစ္စည်းများကို ဖြန့်ဖြူးပေးလျှက်ရှိပါတယ် ။


ကဲ . . .  အခုဆိုရင် မိုးရာသီမှာ ထိခိုက်လွယ်တဲ့ ကားအစိတ်အပိုင်းလေးတွေအကြောင်းကို သိသွားရုံသာမက သူတို့ကို ဘယ်လို Maintain လုပ်မလဲ ဘယ်အချက်လေးတွေကို သတိထားသင့်သလဲဆိုတာ သိသွားလောက်ပါပြီနော် ။

 ဒီအချက်လေးတွေက ရေရှည်မှာ သင့်ကားအတွက် သင့်ရဲ့ အချိန်နဲ့ငွေကို ခြွေတာနိုင်ရုံသာမက သင်နဲ့အတူ လိုက်ပါစီးနင်းသူများကိုလည်း ဘေးကင်းလုံခြုံစေမှာပဲ ဖြစ်ပါတယ်။


အခုပြောပြေပေးခဲ့တာကတော့ မိုးရာသီနဲ့ ပတ်သတ်တဲ့ ကားပိုင်းဆိုင်ရာ ဗဟုသုတလေးတွေဖြစ်ပြီး အကျိုးရှိတယ်ဆိုရင် သင့်ရဲ့ မိတ်ဆွေတွေကိုလည်း ပြန်လည် မျှဝေပေးလိုက်ပါဦးနော် . . .